နယူးဇီလန် ဗုဒ္ဓဘာသာ ကောင်စီ

နယူးဇီလန် ဗုဒ္ဓဘာသာ ကောင်စီသည် နယူးဇီလန်ငံရှိ ဗုဒ္ဓဘာသာဝင် လူမျိုးစုများအတွင်း အကြောင်း အရာအချက်အလက်များ မျှဝေခြင်း၊ အပြန်အလှန်လေးစားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ရင်းနှီး ချစ်ခင်မှုကို အားပေးပါသည်။

နယူးဇီလန် ဗုဒ္ဓဘာသာကောင်စီကို ၂၀၀၇-ခုနှစ်၊ဇူလိုင်လ၊ ဗုဒ္ဓဘာသာအဖွဲ့အစည်းပေါင်း ၁၄-ဖွဲ့ အစည်း အဝေးတွင် စတင်တည်ထောင်ခဲ့သည်။ အစည်းအဝေးတွင် အကြောင်းအရာ အချက်အလက်ဖလှယ် ခြင်း၊ အဖွဲ့များအတွင်း ဖြစ်ပေါ်တတ်သော တူညီသည့် အရေးပါကိစ္စရပ်များနှင့် ဒေသတိုင်းရှိ လူမျိုးစု အဖွဲ့အစည်းများကို စောင့်ရှောက်ကြခြင်းတို့အတွက် အတူတကွ ပူးတွဲဆောင်ရွက်ကြစဉ် အများ သဘော ဆန္ဒမှ ပေါက်ဖွားလာခဲ့သော ကောင်စီဖြစ်ပါသည်။

ကျွန်ုပ်တို့၏ အမြော်အမြင်

    • ဓမ္မမိတ်ဆွေများအားလုံး အကျိုးရှိရန်အတွက် စုပေါင်းဆောင်ရွက်ကြရန်

ကျွန်ုပ်တို့၏ခံယူချက်တာဝန်

    • ကျွန်ုပ်တို့အဖွဲ့ဝင် အဖွဲ့အစည်းများတွင် ဖြစ်ပေါ်တတ်သော တူညီသည့် အရေးပါကိစ္စရပ်များကို ကူညီထောက်ပံ့ရန်
    • ကျွန်ုပ်တို့အဖွဲ့ဝင်များနှင့်အတူ ဗုဒ္ဓဓမ္မများကိုနားလည်၊ ကျင့်သုံးနိုင်ရန် ပြန့်ပွားရေးအတွက် အတူ တကွဆောင်ရွက်ကြရန်
    • နယူးဇီလန်ရှိ ကျယ်ပြန့်သော ဗုဒ္ဓဘာသာအဖွဲ့အစည်းအားလုံးသည် အခြားသော ဘာသာရေး အဖွဲ့များ၊ သတင်းဌာနများ၊ အစိုးရနှင့်အများပြည်သူများ တိုးတက်နားလည်မှုရှိအောင် ဆောင် ရွက်ရန်

ကျွန်ုပ်တို့က သင့်ကို ကူညီနိုင်မည်ဆိုလျှင်၊ သို့မဟုတ်၊ သင့်အနေနှင့် ကျွန်ုပ်တို့ကို ပြောချင်တာရှိမည်ဆို လျှင် သိရှိနိုင်ဘို့ ကျေးဇူးပြု၍ ကျွန်ုပ်တို့နှင့်ဆက်သွယ်ပါ။